သရက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသ

သရက် ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်က မီးငြှိမ်းသတ်မှုနှင့် ဟောပြောရာတွင် မီးလောင်မှုဖြစ်ပွားရာတွင် အရာဝတ္ထုသုံးမျိုးပေါင်းမှ မီးလောင်မှု ဖြစ်နိုင်ကြောင်းနှင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဗူးကို စနစ်တကျသုံးစွဲနိုင်ရန် နည်းလမ်းများကို ပြောကြားပေးခဲ့သည်။

ထို့နောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဝန်ထမ်းများနှင့် ကျောင်းသားများက မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)