ပန်းတနော်မြို့နယ်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသ
Jul 01,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ရေကြီးစဉ် တာတမံရေဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက မင်းဆယ်ကျေးရွာအုပ်စု လှိုင်တာကျေးရွာ သရက်ချောင်း- မင်းဆယ်တာ တာမိုင်(၂/ ၄) မိုင်တွင် ပြုလုပ်ခဲ့သည်။