မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပေါ့မိုင်းအခြေခံပညာမူလတန်းကျောင်း မြက်ခင်းကွင်းပြင်နေရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီခွဲအချိန်က နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးအလုပ်သမားဟု ခေါ်ရခြင်းအကြောင်းရင်း၊ ကလေးအလုပ်သမားများမြို့နယ်တွင်း ပပျောက်စေရေးနှင့် လူငယ်လူရွယ်များ ပညာသင်ကြားနေချိန်တွင် ပညာကိုသာ အစဥ်တစိုက်လေ့လာပြီး နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် လုပ်ငန်းများကိုပြောကြားပေးခဲ့သည်။ ထို့နောက် ကလေးအလုပ်သမားပပျောက်စေရေး အသိပညာပေးလက်ကမ်းစာစောင်ကို မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အကျယ်တဝင့်သိရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်၍ ရုံးရှေ့မြေစိုက်ပြဘုတ်ရှိ ကလေးအလုပ်သမားပပျောက်စေရေး အသိပညာပေး နံရံကပ်စာစောင်ကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)