သတင်းများ

ပေါင်းတည်၌ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် Biometric ကွင်းဆင်းကောက်ယူ၍ Unique ID ကတ်ပြားများ ဆက်လက်ထုတ်ပေး
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဌာနမှ Biometric ကောက်ယူရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ သိရသည်။
တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲများဖွင့်ပွဲကျင်းပ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက၊ အဆိုပါကျောင်းရှိ ဖူဆယ်ဘောလုံး အားကစားပြိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Jul 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “နှစ်ဆယ့်တစ်ရာစု ရွှေနိုင်ငံ ရွှေမြန်မာ”စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲပြုလုပ်
Jul 15,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုလူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက (အ.မ.က)အောင်ကုသိုလ်ကျောင်း၌ ပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများဆောင်ရွက်
Jul 15,2024
ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရေးကိုရည်ရွယ်ကာ ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်သည်။
သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jul 15,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအရ သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ‌သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မအူပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ဇူလိုင်လ(၁၂)နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်‌ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်သည်။