ဘိုကလေးမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများဆောင်ရွက်

ဘိုကလေး ဇူလိုင် ၁၅

ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရေးကိုရည်ရွယ်ကာ ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဒေါ်အေးမြမွန်က ယခုလတ်တလောတွင် ဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်သီတာအောင်က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်စန်းအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသီးသီးဟောပြောခဲ့ပြီး မြိုနယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးက ကျောင်းသား/သူများအား တိုင်းရင်းဆေးဖြင့် အထွေထွေရောဂါများအား စမ်းသပ်ကုသပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတက်ရောက်ကြသော ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံ အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်၊ စာပေများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)