မအူပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မအူပင် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းတွင် ဇူလိုင်လ(၁၂)နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်‌ရေးအသိ ပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်သည်။

ရှေ့ဦးစွာ အိုင်ဝိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဆင့်ဆင့်ဝေမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး အသိပညာပေး ဟော‌ပြောဆွေးနွေးသည်။ ၎င်းနောက် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့  အိုင်ဝိုင်း‌ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ‌ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)