သတင်းများ

ညောင်ဦးမြို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ညောင်ဦးမြို့ အာနန္ဒာဘုရားကြီးအတွင်း မြောက်ဘက်မုခ် ကကုသန်မြတ်စွာဘုရား  မတ်ရပ်ရုပ်ပွားတော်ကြီးအား ရွှေသင်္ကန်းကပ်လှူ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်လေးဆူအား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၇နာရီအချိန် အာနန္ဒာဘုရားကြီး မြောက်ဘက်မုခ်အတွင်းရှိ ကကုသန်မတ်ရပ်ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနေပြီဖြစ်ကာ အနောက်ဘက်မုခ်နှင့်အရှေ့ဘက်မုခ် မတ်ရပ်ရုပ်ပွားတော်မြတ်နှစ်ဆူ ရွှေသင်္ကန်းကပ်လှူပြီးမြောက်ပြီဖြစ်ကြောင်း သိရသည်။
မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့‌ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့ရန်လိုအပ်သည့် ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့ပေးခြင်းကို ယမန်နေ့ညနေပိုင်းက မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဘေးစီမံဌာနမှတာဝန်ရှိသူများက မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက်၊ ကျေးတောင်ဦးကျေးရွာနှင့် ရေပုတ်ချောင်းကျေးရွာများ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လယ်ကွင်းအတွင်းတွေ့ရှိသော မိချောင်းအားဖမ်းဆီး၍ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသို့ ပြန်လည်လွှတ်နိုင်ရန် စီစဉ်ဆောင်ရွက်
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ တောင်ဘက် (၆) မိုင်အကွာတွင်ရှိသော ပိုက်စလကျေးရွာအုပ်စုရှိ လယ်ကွင်းအတွင်း၌ မိချောင်းတစ်ကောင် ဝင်ရောက်နေသည်ကို ဇူလိုင် (၉) ရက်နေ့တွင် တွေ့ရှိသဖြင့် ကျေးရွာတာဝန်ရှိသူများက မြို့နယ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူး၊ ဦးစိုင်းဝဏ္ဏကြည်နှင့် ဝန်ထမ်းများသွားရောက်၍ ဒေသခံများနှင့် ပူးပေါင်းကာ လယ်ကွင်းအတွင်းတွေ့ရှိသော မိချောင်းအား တုပ်နှောင်ဖမ်းဆီး၍ မြို့နယ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနသို့ ခေါ်ဆောင်ခဲ့ကြသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ရေလွှဲမြောင်းများတူးဖော်
Jul 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မြေပြိုခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်းများဖြစ်ပေါ်ကာ မြို့ပေါ်နေ ပြည်သူများ သွားလာရခက်ခဲခြင်းကြောင့် မြို့အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများစုပေါင်း၍ ဒေသခံပြည်သူများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်စေရန် ရေလွှဲမြောင်းတူးဖော်ခြင်း၊ မြေပြိုသည့်နေရာအားရှင်းလင်းခြင်း၊ ရေလွှဲမြောင်းတံတားများတည်ဆောက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက မဟာအောင်မြေ မြို့နယ်၊ အမှတ်(၂၄)အ.ထ.ကကျောင်း၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ဘိုကလေးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 10,2024
ယခုလတ်တလော၌ နိုင်ငံတစ်ဝှမ်း၌ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါအား ဒေသတွင်းကူးစက်မှုမဖြစ်ပွားစေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီး ဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။