မြန်အောင်မြို့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင် ပန်းခြံမြောက်ဘက် ပြည်ခိုင်ဖြိုးရုံးအနီး ပေ (၂၀)ခန့်အကွာ၊ ဆည်မြောင်းစွန့်ပစ်ရေကာတာမှ (၅)ပေခန့်အကွာ၌ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Geotextile ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားသည့်နေရာတွင် ယနေ့နေ့လယ်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား ၁၅ ပေ၊ အနံ ၃ ပေ ခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။