ပေါင်းတည်၌ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် Biometric ကွင်းဆင်းကောက်ယူ၍ Unique ID ကတ်ပြားများ ဆက်လက်ထုတ်ပေး

ပေါင်းတည် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဌာနမှ Biometric ကောက်ယူရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

အဆိုပါ ဆောင်ရွက်မှုသည် အီလက်ထရောနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်ပြီး e-ID စနစ်ဖြင့် နိုင်/ ဧည့်/ ပြု ကိုယ်ရေးမှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေ ပုံစံ ၆၆/၆ များကို System အတွင်း ထည့်သွင်းထားမှုအား Biometric အချက်အလက်များကို ကောက်ယူပြီး Digital စနစ်ဖြင့် သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာ၌ ကြိုတင်ပုံစံဖြည့်စွတ်ပေးရမည်ဖြစ်ကြောင်း၊ ယခုလတွင် မြို့ပေါ်ရပ်ကွက်များသို့ အလှည့်ကျကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများက လာရောက်စာရင်းပေးသွင်းဆောင်ရွက်လျက်ရှိ​ပြီး ဝန်ထမ်းများက Unique ID ကတ်ပြားများကို နေ့ချင်းပြီးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)