ကလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကလေး ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “နှစ်ဆယ့်တစ်ရာစု ရွှေနိုင်ငံ ရွှေမြန်မာ”စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် ဦးကျင်စွမ်းတောင်က ချစ်နိုင်(စိတ်ပညာ) ရေးသားသော “နှစ်ဆယ့်တစ်ရာစု ရွှေနိုင်ငံ ရွှေမြန်မာ” စာအုပ်ပါ လူငယ်နှင့်သိပ္ပံအ‌တွေး၊ လူမျိုးမြင့်ဖို့ စာဖတ်စို့၊ လူငယ်နှင့် မေတ္တာတရား  စသည့် အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (Talk Show)များကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)