သတင်းများ

(အ.မ.က) တံတောင်ကွေ့ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို​ ဇူလိုင်(၁၂)ရက်နေ့ နံနက် ၁၁ နာရီတွင် (အ.မ.က) တံတောင်ကွေ့ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများသက်သာချောင်ချိရေး အခြေခံစားသောက်ကုန်ပစ္စည်းများ ရပ်ကွက်/ ကျေးရွာများသို့အရောက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို  ဇူလိုင်လ ၁၂ ရက်နေ့နံနက် (၈)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌  ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာတွင် အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာ ရန်အောင်မြင်ဓမ္မာရုံတွင် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး လုပ်ငန်းစီမံကိန်းအဖြစ် အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့ နံနက် (၁၀) နာရီက အခမဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက မြေပြင်ကွင်းဆင်းလူဦးရေစစ်ဆေးခြင်း၊ ပန်းခင်းစီမံချက် အဆင့်(၃)အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင် ၁၂ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ပြင်ဦးလွင်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 15,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား(၁၀)ဦးအပါအဝင် စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်သည်။
ပြည်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်
Jul 15,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော ပြည်မြို့နယ်၊ တွင်းဗြည်းကျေးရွာအုပ်စု၊ ကြို့ရသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။
ရေကြည်မြိုနယ်တွင် ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ဆေးကတ်ပြားအသစ် ပြုလုပ်ဆောင်ရွက်
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်၍ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ  ၁၁ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း (ရေကြည်)နှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။