သံဖြူဇရပ် ဇူလိုင် ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုလူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက (အ.မ.က)အောင်ကုသိုလ်ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းမြတ်က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လူငယ်များဗဟုသုတကြွယ်ဝပြီး၊ မိမိ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟုသုတရရှိစေမည့် စာများကို ကျောင်းစာကြည့်တိုက်များတွင် ဖတ်ရှုကြစေရေး၊ ယနေ့ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုမခံရစေရေး လူကုန်ကူးမှုဖြစ်စဥ်အကြောင်းအရာများကို အသိပညာပေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်မားရေးစာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေးပြီး၊ စာပေများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာ၊ ရုပ်ပြ၊ ပုံပြင်စာအုပ်များအား ပြသပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်နှင့် မြို့နယ်လှုပ်ရှားမှုဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)