သတင်းများ

မိုင်းတုံမြို့၌ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး
Jul 09,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခရိုင်အစည်းဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် အဖွဲ့များသည် မိုင်းတုံခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jul 09,2024
၂၀၂၄ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာများအား ပန္နက်တင်ခြင်းအခမ်းအနား ကျင်းပ
Jul 09,2024
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ် သိန်း (၁၅၀)ဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာများ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 09,2024
နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးများ တိုက်ကျွေး
Jul 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်သန်းသန်းလှိုင်ပါ (၄)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက  ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးများကို ယမန်နေ့နံနက်ပိုင်းက တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Jul 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း (၉)ခွဲ အချိန်က ပိတောက်ရွှေဝါရပ်ကွက်ရှိ  အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်း ဆောင်ရွက်
Jul 08,2024
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြည်သူလူထုထံသို့ အသိပေးနှိုးဆော်
Jul 08,2024
ယနေ့မြန်မာစံတော်ချိန် နံနက်(၈း၃၀)နာရီအချိန်တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၉၀၀)စင်တီမီတာဖြင့်ပြီး၊ လက်ရှိဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေအမှတ်(၃၁၀၀)စင်တီမီတာ၊ စိုးရိမ်ရေအမှတ်ထက်(၂၀၀)စင်တီမီတာ(၆)ပေ၊ (၆)လက်မခန့်ခန့်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။