ကလိန်အောင်မြို့ ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 09,2024
သစ်တောဦးစီးဌာန၊ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများစုပေါင်း၍ “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်”ကို ယမန်နေ့နံနက်(၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အောင်သီရိဘုရားဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။