တောင်ကြီး ဇူလိုင် ၉
၂၀၂၄ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်၍ ပင့်ကျောင်းနှင့် သံဃာများမကျန်ရှိစေရေးနှင့် ဆွေးနွေးတင်ပြချက်များအတိုင်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်သာသနာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီများဖြစ်သော အခမ်းအနားကျင်းပရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဝေယျာဝစ္စလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ သံဃာတော်များ ကြိုဆိုနေရာချထားရေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ လုံခြုံရေးလုပ်ငန်းကော်မတီတို့မှ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကော်မတီများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)