ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြည်သူလူထုထံသို့ အသိပေးနှိုးဆော်

ဟုမ္မလင်း ဇူလိုင် ၈

ယနေ့မြန်မာစံတော်ချိန် နံနက်(၈း၃၀)နာရီအချိန်တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၉၀၀)စင်တီမီတာဖြင့်ပြီး၊ လက်ရှိဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေအမှတ်(၃၁၀၀)စင်တီမီတာ၊ စိုးရိမ်ရေအမှတ်ထက်(၂၀၀)စင်တီမီတာ(၆)ပေ၊ (၆)လက်မခန့်ခန့်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေကြီးမြှင့်မှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း မြေနိမ့်ပိုင်းနှင့် ချင်းတွင်းမြစ် ကမ်းဘေးဝဲယာအနိမ့်ပိုင်းနေ မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာကုန်းမြင့်ဒေသများရှိ ယာယီကယ်ဆယ် ရေးစခန်းများသို့ ရွှေ့ပြောင်းကြပါရန်၊ အရေးပေါ်ရွှေ့ပြောင်းရန်လိုအပ်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးများသို့ ဆက်သွယ်အကြောင်းကြားပါရန်နှင်ံ့ ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေးဌာန တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြ​ကြောင်း သိရသည်။

အလားတူ ချင်းတွင်းမြစ်ရေကြီးမြင့်ချိန်နှင့် ရေကျသွားချိန်များတွင် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်၊ ယင်လုံအိမ်သာ အသုံးပြုကြရန်၊ မသန့်ရှင်းသော၊ ရေတွင်း/ ရေကန်မြစ်ရေချောင်းများမှ ရေကိုမသောက်သုံးကြရန်နှင့် မဖြစ်မနေ သောက်သုံးရမည်ဆိုပါက ရေကိုကြိုချက်၍သော်လည်းကောင်း ရေသန့်ဆပ်ပြာခတ်၍သော်လည်းကောင်း သောက်သုံးကြပါရန်စသည့်ဖြင့် ကျန်းမာရေးနှင့်ပတ်သတ်၍ ပြည်သူလူထုထံသို့ အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)