ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးများ တိုက်ကျွေး

ပုဗ္ဗသီရိ ဇူလိုင် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်သန်းသန်းလှိုင်ပါ (၄)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက  ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးများကို ယမန်နေ့နံနက်ပိုင်းက တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သန်းသန်းလှိုင်ပါ (၄)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်များအရောက် တိုက်ကျွေးပေးခဲ့ရာ ဆေးသောက်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ ဆင်ခြေထောက်ရောဂါသည် သွေးကြောထဲတွင်နေသော သန်ကောင်ကြောင့်ဖြစ်ပွားပြီး ခြင်ကိုက်ခြင်းဖြင့် ကူးစက်နိုင်သော ရောဂါဖြစ်ပါကြောင်း၊ ဆင်ခြေထောက်ရောဂါ သန်ချဆေး သောက်သုံးခြင်းဖြင့် ဆင်ခြေထောက်သန်ကောင်များ သေကြေပျက်စီးပြီး ရောဂါကင်းစင်သွားနိုင်ခြင်း၊ ရောဂါပိုးမရှိသော လူများမှာ ဆေးအာနိသင်ကြောင့် ရောဂါပိုးဝင်ရောက်ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ အူလမ်းကြောင်းရှိ သန်ကောင်အမျိုးမျိုးကိုလည်း ကင်းစင်စေနိုင်ပါကြောင်း အသိပညာပေးခြင်းနှင့်အတူ ဆင်ခြေထောက်ရောဂါကင်းဝင်းရေး ရည်မှန်းချက်အောင်မြင်စေရန် ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်အတွင်းမှ ပြည်သူ (၇၀၀)ဦးခန့်အား ကာကွယ်ဆေးများကို အခမဲ့ ဖြန့်ဝေတိုက်ကျွေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)