ကော့သောင်းမြို့(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကော့သောင်း ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း (၉)ခွဲ အချိန်က ပိတောက်ရွှေဝါရပ်ကွက်ရှိ  အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကဗျာရွတ်ပြိုင်ပွဲအား ကျောင်းစာကြည့်တိုက်ကော်မတီနှင့် မြန်မာစာဘာသာရပ်အဖွဲ့တို့က ကျောင်းနေရွယ်ကလေးများမှစ၍ နိုင်ငံ၏သမိုင်းဝင်နေ့ထူးနေ့မြတ်များ သိရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကာ စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရေးအတွက် ကျောင်းသား/ကျောင်းသူများအား လေ့ကျင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)