မိုင်းတုံ ဇူလိုင် ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခရိုင်အစည်းဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် အဖွဲ့များသည် မိုင်းတုံခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းက မိုင်းတုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးကိစ္စများ၊ ရေ၊ မီးကိစ္စများ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ ဒေသဖွံဖြိုးရေးကိစ္စများ၊ ရေ၊ မီးကိစ္စများနှင့် ဒေသလိုအပ်ချက်များတင်ပြမှုအပေါ် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဆွေးနွေးပွဲရပ်နားပြီး မိုင်းဆတ်ခရိုင်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)