သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်
Jul 07,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေပြင်ကယ်ဆယ်ရေးလေ့ကျင့်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရပ်တွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ
Jul 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်‌နေ့ နေ့လယ် ၂ နာရီက ကျောက်တန်းကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ပြည်သူလူထုပူးပေါင်းပါဝင်သည့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 07,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေအစီအစဉ်၊ (၂၀၂၂) ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုပညာပေးခြင်းစီမံကိန်းတို့ပူးပေါင်း၍  သစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယမန်နေ့နံနက် ၈နာရီက ဆိုက်ခေါင်ကျေးရွာအနီးရှိ နမ့်လုံချောင်း၏ ရေဝေရေလဲဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြိုင်ကြီးငူ)၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)တွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူများ ဗဟုသုတများ ရရှိစေရေးအတွက် အသိပညာဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးဒုတိယနေ့ကျင်းပ
Jul 07,2024
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမ အစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်၌ ဆက်လက်ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်
Jul 07,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၅) နာရီအချိန်က လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ ဆောက်လုပ်သော "ဘဝအလင်းသစ်" စာကြည့်တိုက်အား တက်ရောက်ဖွင့်လှစ်
Jul 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်သော သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ် " စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများပေးအပ်
Jul 07,2024
(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် သမဝါယမဦးစီးဌာနှင့် သမဝါယမအသင်းစုတို့ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဝေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ငါးခူအိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။