သတင်းများ

အိမ်မဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် သားဖွားခန်း၊ ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် သားဖွားခန်း၊ ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပခဲ့သည်။
မိုးနဲမြို့နယ်၌ မြဖူးဝေငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jul 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနခန်းမနေရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး သဘာပတိကြီးမှ နေရာယူ၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြသည်။
ကိုကိုးကျွန်းမြို့နယ် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Jul 08,2024
သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ရပ်ကွက်များ၌ ရောင်းချလျက်ရှိသည့် မုန့်ဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးနှင့် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်း မရှိစေရေးတို့အတွက် ​​ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် စီမံအဖွဲ့ဝင်များ၊​ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်က​လေးအဖွဲ့ဝင်များ ပူး​ ပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း သဘာ‌ဝဘေးအန္တရာယ်ကျရောက်ပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ထိရောက်စွာဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 08,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြိုနယ်အတွင်း ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲ ကျင်းပ
Jul 08,2024
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲဝင်များပူးပေါင်း၍ ရေပြင်အသက်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့နံနက်က လေ့ကျင့်သရုပ်ပြသခဲ့သည်။
မိုင်းဆတ်မြို့၌ အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကိုသိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အ.ထ.က(ခွဲ၊ လ-၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။