မိုင်းဆတ်မြို့၌ အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကိုသိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အ.ထ.က(ခွဲ၊ လ-၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၉)ဦးနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး စုစုပေါင်းပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးက “ကမ္ဘာတည်သရွေ့ အာဇာနည်နေ့ တို့မမေ့”၊ “အာဇာနည်နေ့မြတ် မမေ့အပ်”၊ “(၁၉)ဇူလိုင်မမေ့နိုင်” စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)