ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဆတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ်(၁၉၈)သိန်းဖြင့် အလျား(၃၃၅)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၀ ဒဿမ ၆)လက်မ ဝမ်ဟုန်းလမ်းကွန်ကရစ်ခင်းခြင်း၊  ခွင့်ပြုငွေကျပ်(၁၉၉) သိန်းဖြင့် အလျား(၃၃၆)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၆)လက်မ ဘုရင့်နောင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ အလျား(၃၃၅)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၆)လက်မ ပိတောက်မြိုင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၁၉၈)သိန်းဖြင့် လိုအပ်သည့် ပစ္စည်းစုဆောင်းထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေများအနက် တင်ဒါအောင်မြင်သည့် ရန်ပုံငွေကျပ်(၃၄၀)သိန်းဖြင့် မြို့မဈေးအတွင်း အလျား(၁၈၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၃)ပေ ကွန်ကရစ်လျှောက်လမ်း အမိုးဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦး၊ ဦးစီးအရာရှိ ဦးသန်းလွင်ဦးနှင့် လက်ထောက်အင်ဂျင်နီယာ ဦးပြည့်ဖြိုးအောင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)