သတင်းများ

သနပ်ပင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရေကျော်ရပ်ကွက်ရှိ ဒီလုံးသောက်ရေကန်၌ ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲတက်ရောက်
Jul 08,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို  ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာရွတ်ဆိုနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ
Jul 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကန်ကြီး‌ထောင့်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကန်ကြီးထောင့်မြို့၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကျေးရွာရှိ ပညာပါရမီစာကြည့်တိုက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်း သုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာဂေါက်ကွင်းအတွင်း၌ ကျင်းပပြုလုပ်သော ၂၀၂၄-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (တတိယအကြိမ်) အခမ်းအနားတက်ရောက်
Jul 08,2024
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှတစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မုံရွာဂေါက်ကွင်းအတွင်း၌ တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (တတိယအကြိမ်) အခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။
မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏(၄၂)ကြိမ်မြောက်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ
Jul 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၄၂)ကြိမ်မြောက်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို   ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့်အလှူရှင်များ တက်ရောက်ကြသည်။