Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး သုတရသစာအုပ်များ လှူဒါန်းပွဲကျင်းပ
Jul 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး သုတရသစာအုပ်များလှူဒါန်းခြင်းကို ယမန်နေ့မွန်း လွဲ ၃နာရီက အဆိုပါဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၁၀)ကြိမ်မြောက် ASEAN+3 Junior Science Odyssey(APTJSO-10)ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်ဆုများရရှိခဲ့ကြသည့်အဖွဲ့အား ကြိုဆို
Jul 28,2024
(၁၀)ကြိမ်မြောက် ASEAN+3 Junior Science Odyssey(APTJSO-10)ပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့မှ(၂၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊Siam Reap မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှဦးဆောင်သော ကိုယ်စားလှယ်(၁၀)ဦးသည် ယမန်နေ့ ညနေ(၅)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ရေကျော်ကျမှုရှိ၍ အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူအသိပေး
Jul 28,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသတွင် မိုးရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် သုည ဒသမ ၁ ပေ ရေပိုလွှဲမှ စတင်ရေကျော်ကျလာသဖြင့် တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် သတ်မှတ်ကာ အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားရှိကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ (ရေကင်းတာဝန်ခံ) ဦးစီးအရာရှိ ဦးထွန်းလွင်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ခရိုင်သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ယမန်နေ့က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေချောင်းအတွင်း စီးဝင်မှုကြောင့် မြို့နယ်အတွင်းရှိဒေသခံများ ယာယီပြောင်းရွှေ့
Jul 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင် ၂၅ ရက်နှင့်၂၆ ရက် နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ ကျောက်ကြီးချောင်းအတွင်း စီးဝင်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ ရေဝင်ရောက်မှုများရှိသဖြင့် ယာယီပြောင်းရွှေ့နေထိုင်ရကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှ၌ မိုးမြေပဲစိုက်ခင်းအတွင်း အမြန်သုံးစူပါအီးအမ်ဘိုကာရှီထည့်သွင်းခြင်း ကွင်းသရုပ်ပြ
Jul 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးသောမိုးမြေပဲစိုက်ခင်းအတွင်း အမြန်သုံးစူပါအီးအမ်ဘိုကာရှီထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီခွဲက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးရာစိန်၏ မိုးမြေပဲစိုက်ခင်း (၃) ဧက၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး
Jul 28,2024
ဧရာဝတီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တိုင်းဒေသကြီးဆပ်ကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား သက်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3838
Page
3839
Page
3840
Page
3841
Current page
3842
Page
3843
Page
3844
Page
3845
Page
3846
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department