ပခုက္ကူမြို့နယ်အတွင်း သဘာ‌ဝဘေးအန္တရာယ်ကျရောက်ပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ထိရောက်စွာဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး ပခုက္ကူမြိုနယ်အတွင်း ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ထွန်းနိုင်၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းမှတာဝန်ရှိသူများက မြို့နယ်အတွင်း ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရှာ‌ဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေး၊ ရေဝင်ရောက်နိုင်သည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူအိမ်ထောင်စုများအတွက် ဘေးလွတ်ရာနေရာများတွင် Camp များ စနစ်တကျတည်ဆောက်ထားရှိရေး၊ နေထိုင်စားသောက်ရေးလုပ်ငန်းများ သန့်ရှင်းသပ်ရပ်စွာစီစဉ်ပေးရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အလေးထားဆောင်ရွက်‌ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး‌ဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)