သတင်းများ

ရွာငံမြို့နယ်တွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်း စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Jul 08,2024
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွား ပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တက်မြောက်စေရန်အလို့ငှာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ် ဝန်ထမ်းအိမ်ရာ၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jul 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ယာ၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန် ၊ လဲ ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်သည်။
နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ၌ ဘက်စုံသုံးစိုက်ခင်း (၂၂) ဧကနှင့် ကျေးရွာထင်းစိုက်ခင်း (၂၀) ဧက သစ်ပင်များ စိုက်ပျိုးပြီးစီး
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၄ခုနှစ် မိုးရာသီ ဘက်စုံသုံးစိုက်ခင်း (၂၂) ဧကနှင့် ကျေးရွာထင်းစိုက်ခင်း (၂၀) ဧကတွင် သစ်ပင်များ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
နတ်တလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Jul 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉ နာရီချိန်က အ.မ.က (လက်ပံပင်)ကျောင်း၌ ပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရေကျော်ရပ်ကွက်ရှိ ဒီလုံးသောက်ရေကန်၌ ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Jul 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲတက်ရောက်
Jul 08,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ရွှေနော်သီရိခန်းမ၌ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို  ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာရွတ်ဆိုနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ
Jul 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။