မိုးနဲ ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနခန်းမနေရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး သဘာပတိကြီးမှ နေရာယူ၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သဘာပတိအသင်းဥက္ကဋ္ဌ ဒေါ်နန်းကြည်ကြည်မြင့်က အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးသန်းအောင်က လမ်းညွှန်အမှာစကားပြောကြားခြင်း၊ သမဝါယမဦးစီးဌာန ဝန်ထမ်းများမှ အမှုဆောင်အဖွဲ့အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းများ ဖတ်ကြားတင်သွင်းခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြပြီး တင်သွင်းမှုများအပေါ် သဘာပတိကြီးမှ ပြန်လည်ပြောကြားပေးခဲ့ပြီး အသင်းသူ၊ အသင်းသားများက အတည်ပြုပေးခဲ့ကြသည်။ ဆက်လက်၍ အသင်းသူ၊ အသင်းသားများနှင့် အထွေထွေဆွေးနွေးခဲ့ကြပြီး သဘာပတိကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ကာ ပြန်လည်ထွက်ခွာ၍ အခမ်းအနားပိတ်သိမ်းခဲ့ကြသည်။
အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို သဘာပတိကြီး ဒေါ်နည်းကြည်ကြည်မြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အသင်းသူ၊ အသင်းသားများ သမဝါယမဦးစီးဌာန ဝန်ထမ်းများ စုပေါင်းအင်အား ၇၀ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)