တံတားမြို့တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်

တံတား ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်အတွင်းနှင့် ဈေးများတွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်စုစုခိုင်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဈေးအတွင်း ရပ်ကွက်များအတွင်းရှိ မုန့်ဟင်းခါးဆိုင်များ၊ အသုပ်ဆိုင်များ၊ တုတ်ထိုးဆိုင်များ၊ သစ်သီးဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဆောင်ရန်ရှောင်ရန်များနှင့် ၁၂.၇.၂၀၂၄ ရက်နေ့အထိ ရောင်းချမှုမရှိစေရေးကို သိရှိလိုက်နာစေရန် ဆွေးနွေးပြောကြားခြင်း၊ Hand Speaker များဖြင့် နှိုးဆော်သတိပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)