ရေကြည် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် အမှတ်စဉ်(၁/၂၀၂၄) ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်/ ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၇) စက်မှုလယ်ယာစခန်း၊ ရေကြည်မြို့၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ရေကြည်နှင့် ကျုံပျော်မြို့တို့မှ သင်တန်းသား(၃၅)ဦးအား သင်တန်းကာလ(၂)ပတ်၊ စာတွေ့လက်တွေ့သင်ကြားချိန် အချိန်(၇၀)ဖြင့် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မေသန့်ဇင်(ပြန်/ဆက်)