အိမ်မဲ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးစပါးစိုက်ပျိုးသည့်ရာသီ၌ စပါးပင်များကို ရွှေခရုများက ကိုက်ယူစားသုံးသောကြောင့် စပါးပင်များပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် အသိပညာပေးဟောပြောပြောခြင်းနှင့် ကောက်ယူနှိမ်နင်းပွဲများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများကို တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်လဲ့လဲ့ခိုင်နှင့်အဖွဲ့၊ ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဒေါ်ခင်ဌေးမြင့်၊ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ဝန်ထမ်းများက ဇူလိုင်လ (၆) ရက်နေ့မှ (၈) ရက်နေ့ထိ မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဝဲကြီးဝ၊ ကညှင်ကွင်း၊ ကျုံကနိ၊ ရွာသစ်၊ ကွင်းယားတံခွန်တိုင်၊ ပဒက်၊ သာကွင်း၊ ကျားနဖူးစသည့်ကျေးရွာများတွင် ရွှေခရုကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဖြစ်သော ကာကွယ်နည်း၊ နှိမ်နင်းကုသနည်း၊ လက်လုပ်နည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း၊ ဇီဝနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်း၊ ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်းတို့ကို အကျယ်တဝင့်ဟောပြောပေးခဲ့ပြီး ကျေးရွာအသီးသီးရှိ လူထုအင်အားဖြင့် ရွှေခရုကောက်ယူနှိမ်နင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်အတွင်းရှိ ကျန်ရှိနေသောကျေးရွာများတွင်လည်း အဆိုပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ် (အိမ်မဲ)