ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ဒိုက်ဦး ဇူလိုင်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွားအုပ်စု၌ တစ်နှစ်()သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တစ်နှစ်()သီးစိုက်မြေနေရာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည့် လယ်မြေဧရိယာ(၁၂၅)ဧကတွင် ကြိုတင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထုတ်လုပ်ခဲ့သည့် လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ တစ်ကွင်းတစ်ဆက်တည်း မိုးစပါး(၄၅၀)ဧက စုပေါင်းစိုက်ပျိုးပွဲသို့တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးသီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းလမ်း()သွယ် ပြည့်စုံကောင်းမွန်စေရေး အထူးအလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ()မျိုးအပြင် နွေစပါးလည်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိခဲ့ကြောင်း၊ ယခုအခါ မိုးစပါးသီးနှံအား ပန်းတိုင် အထွက်နှုန်းရရှိရေး စတင်စိုက်ပျိုးချိန်မှစ၍ ခေတ်မီနည်းစနစ်များ အသုံးပြုစိုက်ပျိုးစေခြင်းနှင့် မိရိုးဖလာစိုက်နည်းစနစ်များ လုံးဝပြောင်းလဲပေးနိုင်ရေး တန်ဖိုးနည်းစက်မပါ လက်ဆွဲကောက်စိုက်စက်နှင့် စက်တပ်လက်ဆွဲကောက်စိုက်စက်များ၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်များ စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးမှူးက မိုးစပါးစိုက်ရာသီတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါများ နှိမ်နင်းခြင်းဆိုင်ရာအသိပညာပေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများအား သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ကာ တန်ဖိုးနည်း စက်မပါလက်ဆွဲကောက်စိုက်စက်နှင့် စက်တပ်လက်ဆွဲကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းရှင်ဦးသန့်ဇင်ထွန်း၏ ခြံလှောင်စနစ်ဒေသကြက်ကောင်ရေ(၇၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာနေဗီယာမြက်များ စိုက်ပျိုးသွားရန်နှင့် ဒေသခံတောင်သူများနှင့်တွဲဖက်၍ အကျိုးတူမွေးမြူရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ သီးခြားဆိတ်မွေးမြူရေးလုပ်ငန်းရှင်များ၊ နွားမွေးမြူရေးလုပ်ငန်းရှင်များ၏တွေ့ဆုံ၍ တိရစ္ဆာန်အားတိုးဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)