လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ

လဟယ် ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲ လဟယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁၄)နာရီအချိန် လဟယ်မြို့ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပပါသည်။

ရှေးဦးစွာ ပြိုင်ပွဲ၀င်အသင်းများအား စစ်ကြောင်းမှူးမှ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း ထံအပ်နှံပြီးနာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ပြိုင်ပွဲအသင်း၀င်များက အားကစားသစ္စာအဓိဌာန် (၄)ချက်ကိုရွတ်ဆိုကြပြီး ပထမပွဲစဉ်ဖြစ် ယွန်တိုင်းကျေးရွာ လက်ရွှေးစင်အသင်းနှင့် မွန်ထွေကျေးရွာ လက်ရွှေးစင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြိုင်ပွဲ၀င်(၈)သင်း အုပ်စု(၂)စု ပတ်လည် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ယခုလ (၁၇)ရက်နေ့အထိ (၁၀)ကြာယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်းအခမ်းအနားကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊

လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားသမားများ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)