သန်လျင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး
Jul 09,2024
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်တွင် သန်လျင်မြို့ မြို့မစျေးကြီးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အများသုံးသန့်စင်ခန်းအိမ်သာများတွင် ယင်မနားစေရန်ဆေးဖျန်းခြင်း၊ လက်ဆေးဘေစဥ်များတွင် ဆပ်ပြာနှင့် သန့်ရှင်းသောရေထားရှိနိုင်ရေးဆောင်ရွက်ကြသည်။