ရေဦး ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀၂၄)ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ကဗျာ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုမြှင့်ပွဲကို ယနေ့မွန်းတည့် (၁၂) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား (၂၂) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား(၃၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆရာ/ဆရာမများက အာဇာနည်နေ့နှင့်ပတ်သက်သည့် အကောင်းဆုံး ကဗျာရေးဖွဲ့နိုင်သူနှင့် အကောင်းဆုံး စာစီစာကုံး ရေးသားနိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား စိစစ်ရွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းနှင့် ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့၀င်းမောင်၊ အထက်တန်းပြဆရာမ ဒေါ်မွမ်းမံဦးတို့က ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုများ ပေးအပ်ခဲ့ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်လေးများ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ မျိုးချစ်စိတ်၊ အာဇာနည်စိတ်ဓာတ်နှင့် မြန်မာ့အာဇာနည်သူရဲကောင်းများ အကြောင်းကို လေ့လာသိရှိမှတ်သား အတုယူနိုင်ကြစေရန် ရည်ရွယ်ကျင်းပခဲ့ကြောင်း သိရသည်။
သန်းသန်း (ပြန်/ဆက်)