သတင်းများ

မြို့သစ်တွင် လျှပ်စစ်ဓာတ်အားလိုင်း ကြံ့ခိုင်ရေးစစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း ပုံမှန်ဆောင်ရွက်ပေး
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီ ကာလတွင် ကြိုတင်ကာကွယ် စစ်ဆေးပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
မိုင်းခတ်မြို့နယ် မိုင်းနှုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်းဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Jul 09,2024
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းခတ်မြို့ အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မိုင်းနှုန်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မိုင်းနှုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ အခွန်ပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်တွင်းမှ အခွန်ထမ်းပြည်သူများ တွေ့ဆုံကာ အခွန်ပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်(၇)ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်နှင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 09,2024
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၂-၂၀၂၃) ခုနှစ်နှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ၇ရက်နေ့က မြို့နယ်သမဝါယမအသင်းစုရုံး ခန်းမတွင် ကျင်းပခဲ့ကြသည်။
တပ်ကုန်းမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြော
Jul 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုယဉ်ကျေးလိမ္မာစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့ သည်။
မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။