ကျောက်တန်း ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ်အတွင်းရှိ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များအား ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂)ဦးစိုးမြင့်ကျော်၊ မြို့နယ်စည်ပင်သာယာအဖွဲ့မှ တာ၀န်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူကျန်းမာရေး၀န်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာ၀န်ရှိသူများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာ၀န်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေလယ်ဘုရားစျေးဆိုင်တန်းမှ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လဘက်ရည်ဆိုင်တို့အား စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ မြို့ပေါ်လူနေထူထပ်သည့်ရပ်ကွက်များဖြစ်သည့် အနောက်ပိုင်းရပ်ကွက်နှင့် ရွှေကုန်းရပ်ကွက်ရှိ ဓမ္မာရုံများနှင့်အရှေ့ပိုင်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)