တပ်ကုန်းမြို့နယ်၌ အရေပြားရောဂါ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေးဆွေးနွေး

တပ်ကုန်း ဇူလိုင် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတွင် အရေပြားရောဂါ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာလူထုဖွံ့ဖြိုးရေးစင်တာခန်းမတွင် ကျင်းပခဲ့သည်။

ထိုအသိပညာပေးဆွေးနွေးပွဲတွင် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနခွဲမှ လက်ထောက်အနာကြီးရောဂါ စောင့်ရှောက်သူ (JLW) ဦးချစ်ဦး၊ မြောက်မြိုက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ ကျေးလက်ကျန်းမာရေးမှူး ဦးတင်နိုင်ဦး ဦးစီးသည့် ကျန်းမာရေးဝန်ထမ်းများက အေးချမ်းသာစံပြကျေးရွာ၊ လူထုဖွံ့ဖြိုးရေးစင်တာတွင် ယာယီဆေးခန်းဖွင့်လှစ်ကာ အရေပြားရောဂါနှင့်ပတ်သက်သည့်အကြောင်းအရာများအား ကျား ၄၀ ဦး၊ မ ၁၃၀ ဦး၊ စုစုပေါင်း ၁၇၀ ဦးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးနောက်  ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းများအား အေးချမ်းသာစံပြကျေးရွာ အုပ်ချုပ်ရေးမှူးဦးမော်စိုးနှင့်အဖွဲ့ဝင်များက ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်