ကျိုက် မရော ဇူလိုင် ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံစီးပွားဖြစ် စိုက်သူများသီးနှံများ စျေးကောင်းရရှိ၍ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
နိတုံကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် လတ်တလောဝင်ငွေရရှိသည့် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကန်ဇွန်းပင်၊ မုန်လာဥပင်၊ ခရမ်းပင် စသည့် စားဖိုချောင်သုံးသီးပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လာကြပြီး ယခုနှစ်တွင် သီးနှံများလည်းစျေးကောင်းရရှိ၍ အထွက်နှုန်းလည်းကောင်းသဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
တောင်သူများအနေဖြင့် ပြည်သူများ မဖြစ်မနေဝယ်ယူစားသုံးနိုင်မည့်စျေးလည်းချိုသာ အာဟာရလည်းဖြစ်သော တရုတ်ကန်ဇွန်းရွက်ပင်များ၊ ခရမ်းပင်များ မုန်လာဥပင်များကို စနစ်တကျ စိုက်ပျိုးထားကြရာ မိုးလည်းမှန်သဖြင့် စိုက်ပျိုးသူများ အောင်မြင်လျက်ရှိသည်။
ကျိုက်မရောမြို့၌ စားပင်သီးနှံစုံစိုက်ခင်းများကို စျေးကွက်ပေါ်မူတည်၍ ရာသီအလိုက် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိသောသီးနှံများကို ကျိုက်မရောမြို့မစျေးကြီးနှင့် အခွန်လွတ်စျေးများ၌ ကိုယ်တိုင်ရောင်းချခြင်း၊ ဖောက်သည်ပေးခြင်း ရပ်ကွက်များအတွင်း ဘေးတွဲဆိုင်ကယ်များဖြင့် လှည့်လည်ရောင်းချခြင်း စျေးကားများဖြင့် မော်လမြိုင်စျေးကြီးများသို့ ဖောက်သည်ပေးခြင်းစသည်ဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း နိတုံကျေးရွာမှ သီးနှံမျိုးစုံစိုက်ပျိုးရောင်းချသူ ဦးသန့်ဇင်ထံမှ သိရသည်။
မိချို