သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လေ့လာ
Jul 09,2024
ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့် ရင်းရင်းနှီးနှီးထိတွေ့ပြီး စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်ကို ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာအသုံးပြုတက်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း(ပေါက်တော)မှ ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက်(၉) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာကြည့်တိုက်လေ့လာရေးအစီအစဥ်အဖြစ် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရသည်။