မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ
Jul 09,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။