သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေဖူလုံစေရန် သွားရောက်လှူဒါန်း
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လျှော်တောင်ကျေးရွာမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်းသိရသဖြင့် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအသင်းက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဆိုင်ရာဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဥက္ကံမြို့) မြဝတီခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာ(၅၄)ဌာနနှင့် အဆင့်မြင့်တက္ကသိုလ်(၄)ခုမှ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ခရိုင်ဆင့်ဌာနဆိုင်ရာ(၅၄)ဌာနနှင့် အဆင့်မြင့်တက္ကသိုလ်(၄)ခုမှ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာ‌စောင်များငှားရမ်းပေးခြင်း ဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ်၊ ဇေယျဝတီအထက်တန်းကျောင်းများတွင် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြော၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ငယ်စဉ်ကစ၍စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရေးတို့အတွက်ရည်ရွယ်၍ ယမန်နေ့၊ နံနက်(၉)နာရီအချိန်က ဇေယျဝတီမြို့ရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂)ရှိ ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းတွင် ကွင်းဆင်းဆောင်ရွင်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ လက်ပန်ကျေးရွာတွင် မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက (ဆင်းသုခ) မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို လက်ပန်ကျေးရွာ ကွင်းအမှတ် (၁၀၅၂-B)၊ ဦးပိုင်အမှတ် (၉၄/က) တောင်သူဦးလှငွေ၏ လယ်မြေ (၅.၉၂) ဧကပေါ်တွင် ကျင်းပပြုလုပ်သည်။