သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများ အပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) တက်ရောက်
Jul 11,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေး(၂/၂၀၂၄)ကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ ပရဟိတအသင်းများမှရေဝင် ရောက်နေသည့် အိမ်များမှ ပစ္စည်းများကူညီပြောင်းရွှေ့ခြင်းများဆောင်ရွက်
Jul 11,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၇ နာရီအချိန်က အသုံးအဆောင်ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။
ကော့မှူးတွင် ရွေ့လျားစာကြည့် တိုက်‌ မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်များ ငှားရမ်းပေး
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာရရှိစေရန်နှင့် စာအုပ်စာစောင်များအား လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် လာဝတီကျေးရွာသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လူထုသိပ္ပံကျမ်းစာအုပ်အတွဲ(၅)တွဲအား  ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲ တွံတေး၌ ကျင်းပ
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာစံညီစာကြည့်တိုက် (၁၂)တိုက်အား နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ မိသားစုမှ မေတ္တာလက်ဆောင်လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၅)တွဲစာအုပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် လှူဒါန်းသော စာအုပ်များအား ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲကို  ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိလူထုအ‌ခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ကျေးရွာအချို့၌ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့်သီးနှံများ ပျက်ဆီး
Jul 11,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့ ဝင်ရောက်မှုကြောင့် တောင်သူများစိုက်မျိုးထားသည့် သီးနှံများ ပျက်ဆီးမှုရှိကြောင်း သိရသည်။
စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို မန္တလာတက္ကသိုလ်၌ ပြိုင်ပွဲများကျင်းပ
Jul 11,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မန္တလာတက္ကသိုလ်တွင် ယနေ့နံနက် ၁၀ နာရီချိန်ကစတင်ပြီး လာမည့်ဇူလိုင် ၂၅ ရက်နေ့တွင် ကျင်းပမည့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုအဖြစ် ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။
ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပ
Jul 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာ‌စောင်ပြပွဲကို ယနေ့မွန်းလွဲ (၃) နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အ.မ.က ရှမ်းစုကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 11,2024
(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့ နယ်လာဝတီကျေးရွာ အခြေခံပညာမူလတန်းကျောင်း အ.မ.က (ရှမ်းစု) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။