ညောင်ဦး ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၇ နာရီအချိန်က အသုံးအဆောင် ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။
ညောင်ဦးမြို့နယ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စုများမှ အိမ်အသုံးအဆောင်ပစ္စည်းများ ရေလွတ်ရာသို့ ကူညီပြောင်းရွှေ့မှုများဆောင်ရွက်ခြင်းကို ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်နိုင်လင်း ဦးဆောင်သောတပ်ဖွဲ့ဝင် (၈)ဦး၊ အထောက်အကူပြုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော တပ်ဖွဲ့ဝင်(၁၀)ဦး၊ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅)အရန်မီးသတ်မှ (၇)ဦး၊ လူမှုကူညီရေးယာဉ်(၁)စီး၊ ဝံသာနုရက္ခိတအသင်းမှ(၆)ဦး၊ လူမှုကူညီရေးယာဉ်(၁)စီး၊ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ(၄)ဦး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ရေဝင်ရောက်အိမ်များမှ အသုံးဆောင်ပစ္စည်းများအား ကူညီပြောင်းရွှေ့သယ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း