သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်
Jul 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ကွန်ဟိန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 10,2024
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊  (ဝိန်းနန်း)အခြေခံပညာမူလတန်းကျောင်း၌  အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်  ၁၁ နာရီက လူငယ်ရေးရာနှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့်စာအုပ်လှူဒါန်းပွဲကျင်းပ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က  ကျင်းပခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်
Jul 10,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၌ လှည့်လည်ဆောင်ရွက်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jul 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း အသစ်တည်ဆောက်ထားရှိသည့် ဓမ္မာရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီက ထားဝယ်တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပသည်။
ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ကျင်းပ
Jul 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသ
Jul 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာ၌ ပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော် မကွေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
Jul 10,2024
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက မကွေးဗဟိုအကျဉ်းထောင်အား သွာရောက်စစ်ဆေးခဲ့သည်။