သတင်းများ

အ.ထ.က(ကော့မှူး)ကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 11,2024
ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအစဉ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းအ.ထ.က (ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအားတွေ့ဆုံ၍ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာဘောင်များအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 11,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ အောင်မြေလောကကျောင်းတိုက်ရှိ ဝါဆိုဓမ္မာရုံကြီး၌ ဇူလိုင်လ ၉ ရက်နေ့၊ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဝမ်းပျက်/ ဝမ်းလျှောရောဂါဖြစ်ပွားမှု မရှိစေရေးလိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဥ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သန်လျင်ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 11,2024
သန်လျင်ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အမှတ်(၄)ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်ရှိ ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများအား ဖြန့်ဝေပေးကြောင်း သိရသည်။
ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jul 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် လူမှုအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ရှိ နန်းဦးဆိပ်ကမ်းတွင် သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကြသည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လမ်းမတော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲသတိတရရှိစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့မွန်းလွဲ ၃နာရီခွဲက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။