မုံရွာ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေး(၂/၂၀၂၄)ကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရငွေရရှိမှသာသုံးစွဲငွေများအား သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်ငွေများ တိုးတက်ကောက်ခံရရှိရေးအတွက် ကြိုး ပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ သက်ဆိုင်ရာဌာနအချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့လည်း အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြကြရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ကောက်ခံရန်သတ်မှတ်ပေးထားသည့် လျာထားချက်များအား ပြည့်မီကျော်လွန်စွာကောက်ခံရရှိနိုင်ရန်၊ ရသင့်ရထိုက်သောအခွန်ငွေများအား တိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုရယူသူ များအနေဖြင့် အခွန်အခလွတ်ကင်းလျော့နည်းမှုမရှိဘဲ ပြည့်ပြည့်ဝဝ ကောက်ခံရရှိနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြပါရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များတွင် မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများ အပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား Power Point ဖြင့် အသီးသီးရှင်းလင်းဆွေးနွေး တင်ပြ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက မြို့နယ် များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)