အမရပူရ ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မန္တလာတက္ကသိုလ်တွင် ယနေ့နံနက် ၁၀ နာရီချိန်ကစတင်ပြီး လာမည့်ဇူလိုင် ၂၅ ရက်နေ့တွင် ကျင်းပမည့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုအဖြစ် ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲများအနက် ကျပန်းစကားပြောပြိုင်ပွဲနှင့်စကားရည်လုပွဲများကို ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပခဲ့ရာ ပါမောက္ခချုပ်ဒေါက်တာဒေါ်ခင်စန်ူစန်းဝင်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲများက မဲနှိုက်ပြီးကျရာခေါင်းစဥ်များဖြင့် ဟောပြောကြရကြောင်း သိရသည်။
မန္တလာတက္ကသိုလ် အမရဆောင်တွင် ကဗျာ၊ စာစီစာကုံးနှင့် ဆောင်ပါးပြိုင်ပွဲများကို တပြိုင်တည်းကျင်းပခဲ့သည်။ ယနေ့ကျင်းပသောပြိုင်ပွဲသို့ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ မန္တလာတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)