တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ်မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ပတ် ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တော သစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီတတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက တွံတေး-လှိုင်သာယာ ကားလမ်း (ဝဲ၊ယာ) ရှိ ဘုရားငုတ္တို (မြောက်) ကျေးရွာအုပ်စုတွင်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။