ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပ

ပုံပါကျင် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာ‌စောင်ပြပွဲကို ယနေ့မွန်းလွဲ (၃) နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိအိဖြိုးက အသိပညာပေးဟောပြောရာတွင် ကျောင်းသား/ သူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ အာဇာနည် (၉) ဦးတို့၏ အကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသူ ကျောင်းသားများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊‌ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)